USDT · Polygon PoS · self-hosted
Polygon ပေါ်မှာ USDT လက်ခံပါ။
ကိုယ့် server၊ ကိုယ့် wallet၊ ကိုယ့်ငွေ။
Polysia သည် အခမဲ့ self-hosted payment gateway ဖြစ်သည်။ Invoice တိုင်း လိပ်စာသီးသန့် ရပြီး ငွေပေးချေမှု တစ်ခုချင်းကို smart contract က သင့် business wallet ဆီ တိုက်ရိုက် sweep လုပ်ပေးသည်။ Polysia က ငွေကို ဘယ်တော့မှ မကိုင်ပါ။
- non-custodial
- REST API + signed webhook
- EN / မြန်မာ payment page
- အခမဲ့ software
ငွေ ဘယ်လို ရွေ့သလဲ
ရှင်းပြပုံ (animation)- payment.detected ငွေလွှဲပြီး စက္ကန့်ပိုင်း
- payment.confirmed finality ရောက်ချိန်
- invoice.paid ဆိုင်ဆီ signed webhook
- sweep USDT → Hot Wallet၊ fee ကို tx တစ်ခုတည်းမှာ
ကိုယ့် key ကိုယ်ကိုင်တဲ့ ဆိုင်များအတွက်
Stablecoin ငွေလက်ခံဖို့ လိုသမျှ — ငွေကို ဘယ်သူ့ကိုမှ အပ်စရာမလိုဘဲ။
Non-custodial
ငွေသည် payment လိပ်စာမှ သင့် Hot Wallet ဆီ on-chain ပေါ်မှာ တိုက်ရိုက် ရွေ့သည်။ Polysia (ကုမ္ပဏီ) က မထိနိုင်ပါ — software သည် သင့် server ပေါ်မှာ သင့် key များဖြင့် run သည်။
အခမဲ့ software
License ကြေး၊ လစဉ်ကြေး မရှိပါ။ Polysia သည် sweep တစ်ခုချင်းအတွင်း on-chain fee အနည်းငယ်သာ ရသည် — အောက်ပါ tier များကို ကြည့်ပါ။
Developer များအတွက် လွယ်ကူ
Idempotency ပါသော REST API၊ retry ပါသော HMAC-signed webhook၊ payment page၊ payment link နှင့် customer အလိုက် deposit လိပ်စာ။
လုံခြုံမှု
Invoice တိုင်း လိပ်စာအသစ်၊ block time ဖြင့် ငွေပေးချေချိန် စစ်ခြင်း၊ reorg ကိုင်တွယ်ခြင်း၊ Owner + 2FA ဖြင့်သာ ဖွင့်နိုင်သော encrypted vault နှင့် အလိုအလျောက် rollback ပါသော signed update။
အဆင့် ၄ ဆင့်၊ on-chain အပြည့်
Invoice ဖန်တီးပါ — API (သို့) payment link ဖြင့် ဖန်တီးပြီး customer ကို payment page သို့ ပို့ပါ။
Customer ငွေပေးချေသည် — Polygon ပေါ်ရှိ USDT ကို invoice ၏ လိပ်စာသီးသန့်သို့ ဘယ် wallet မှမဆို ပို့သည်။
Polysia အတည်ပြုသည် — finality ရောက်မှ invoice ကို paid အဖြစ် သတ်မှတ်ပြီး ဆိုင်ဆီ signed webhook ပို့သည်။
Sweep — USDT ကို သင့် Hot Wallet ဆီ ရွှေ့ပြီး platform fee ကို transaction တစ်ခုတည်းမှာ ပေးချေသည်။
ကြေး — ရက် ၃၀ period အလိုက် marginal
Business တစ်ခုချင်းအလိုက် ရက် ၃၀ fee period (1970-01-01 UTC မှစ၍ ရေတွက်၊ ပြက္ခဒိန်လ မဟုတ်) အတွင်း sweep လုပ်ခဲ့သော ပမာဏအပေါ် တွက်သည်။ နှုန်းတစ်ခုစီသည် ၎င်း tier အတွင်းရှိ ပမာဏအပိုင်းကိုသာ သက်ရောက်သည်။
- $150,000 အထိ2.0%
- $150,000 – $300,0001.5%
- $300,000 – $600,0001.0%
- $600,000 – $900,0000.5%
- $900,000 အထက်0.3%
ဥပမာ · period တစ်ခုအတွင်း $200,000 2% × $150,000 + 1.5% × $50,000 = $3,750
Operator (reseller) များက Polysia fee ၏ ရာခိုင်နှုန်း (0–100%) အဖြစ် ကိုယ်ပိုင်အပိုင်း ထပ်ထည့်နိုင်သည်။ မြှင့်ပါက on-chain ၃ ရက် timelock ပြီးမှ သက်ရောက်သည်။
~၁၅ မိနစ်ဖြင့် install လုပ်ပါ
Ubuntu 22.04 / 24.04 server (2 vCPU / 4 GB အကြံပြု)၊ domain တစ်ခုနှင့် Polygon RPC လိုသည်။ Installer က sign လုပ်ထားသော release ကို မစစ်မချင်း ဘာမှ install မလုပ်ပါ။
curl -fsSLO https://github.com/sirkyawsan/polysia-releases/releases/latest/download/install.sh
sudo bash install.sh